top of page

စာရေးသူအကြောင်း

41445095_2267835093291348_69193301823062

စာရေးသူကို ၁၉၈၆ ခုနှစ် ဂျုလိုင်လ ၂ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက စာဖတ်ရတာ ဝါသနာပါခဲ့ပြီး အသက် ၁၂ နှစ်အရွယ်မှ စတင်ပြီး ပြင်သစ် ဘာသာစကားလေ့လာခဲ့ပါတယ်။ 

အသက် ၁၆ နှစ်အရွယ်က စတင်ပြီး ရန်ကုန်မြို့ ရှိ ယခင်က Alliance Française de Rangoun ယခု Institut Français de Birmanie (IFB) မှာပြင်သစ်ဘာသာစကားကို သင်ယူခဲ့ပါတယ်။ 

အဲ့ဒီနောက် ပြင်သစ်ဘာသာစကား ပြန်လည်သင်ကြားပေးသော ဆရာမ အဖြစ် IFB မှာ ၃နှစ်ကျော် ရပ်တည်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာ ပြင်သစ်နိုင်ငံပါရီမြို့သို့ ရောက်ရှိလာပြီး ယနေ့ထိ ပါရီမြို့ မှာ အခြေချ နေထိုင်လျက်ရှိပါတယ်။ 

ပြင်သစ်စာသင်ကြားနည် ဒီပလိုမာသင်တန်းကို တက်ရောက်အောင်မြင်ခဲ့ပြီးသလို ဆက်လက်ပြီး Université de Grenoble မှာ ပြင်သစ်ဘာသာ အထူးပြု ဘွဲ့လွန် Master ကို ဆက်လက် သင်ယူနေလျက်ရှပါတယ်။ 

၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး ယနေ့ထိ ပါရီမြို့ ရှိ EDAM Paris ဘာသာစကား သင်တန်းကျောင်းတွင် ပြင်သစ်ဘာသာ ဆက်လက်သင်ကြားပေးလျက်ရှိပါတယ်။

ငယ်စဉ်ကတည်းက ဖက်ရှင်နှင့် အလှအပကို ဝါသနာပါခဲ့သော်လည်း ပြင်သစ်လောကကို ရောက်ရှိသွားခဲ့တာကြောင့် မိမိဝါသနာပါရာကို မလုပ်ဖြစ်ခဲ့သော်လည်း ပါရီမြို့ ကိုရောက်ရှိပြီး ၂နှစ်အကြာမှာ Fashion and Style ဖက်ရှင်ကျကျ ဝတ်စားနေထိုင် ပြင်ဆင်နည်း သင်တန်းတို တစ်ခုကို တက်ရောက်ပြီးသည့် နောက်ပိုင်းမှာ ဝါသနာဖြစ်တဲ့ သင်ယူတတ်ကြားခဲ့သမျှ ပါရီမြို့ မှဖက်ရှင်အကြာင်းကို ပြန်လည်လက်ဆင့် ကမ်းလိုတာကြောင့် ၂၀၁၉  စက်တင်ဘာလမှ စတင်ပြီး လူမှုကွန်ယက်တွေဖြစ်တဲ့ Facebook, Instagram နှင့် Youtube တို့မှာ စတင်ပြီး ဖက်ရှင်နှင့် ပတ်သက်တဲ့ အကြောင်းတွေကို ရေးသား ပြောပြခဲ့ရာမှ သူမဝါသနာပါတဲ့ အလုပ်ဖြစ်တဲ့ အလှအပနှင့် နေထိုင်မှု ဖက်ရှင်ပုံစံ အကြံပေးသူအဖြစ် စတင်ခဲ့ပါတယ်။

bottom of page